ရသစာစုများ Apk
Show qr code
Follow UpdatesRequest Updatesရသစာစုများ 1.0 APK
0 votes, 0/ 5- Apps, Lifestyle
- February 24, 2020
Google Play
- 1.0
- Android 5.1 - Lollipop
- Nancy Mina
- 0
The description ရသစာစုများ Apk
ဦထုပ်ရောင်းသူတစ်ယောက်ဟာ တောလုပ်တစ်ခုကိုဖြတ်သွားရင်း သစ်ပင်တစ်ပင်အောက်မှာ တစ်မှေးအိပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါနဲ့ သူ့ရဲ့ ဦးထုပ်ခြင်းတောင်းကို ဘေးမှာချထားလိုက်တာပေါ့ ။ အချိန်အနည်းငယ်ကြာပြီးနောက် သူအိပ်ရာမှ နိုးတော့ သူ့ဦးထုပ်အားလုံး ပျောက်ဆုံးနေကြောင်း သိလိုက်ရတယ် သူမော့ကြည့်ပြီး အံ့ အားသင့်သွားတယ် ။ သစ်ပင်တစ်ပင်လုံးမှာမျောက်တွေနဲ့ ပြည့်နှက်နေပြီး သူ့ဦးထုပ်အားလုံးကိုသူတို့ကယူထားကြတယ်။ ဦးထုပ်ရောင်းသူဟာ ထိုင်ချလိုက်ပြီး ဘယ်လိုနည်းနဲ့ ဦးထုပ်တွေ အောက်ကျလာနိုင်မလဲလို့ စဉ်းစားကြည့်တယ်။ စဉ်းစားနေရင်း သူ့ခေါင်းကို ကုတ်လိုက်မိတယ်. နောက်ခဏချင်းမှာဘဲ့ မျောက်တွေက အလားတူ လိုက်လုပ်ကြတယ်။ နောက်ထပ်ပြီး သူ့ဦးထုပ်ကိုချွတ်လိုက်တဲ့အခါ မျောက်တွေက အလားတူအတိအကျ လုပ်ကြတယ်။ သူအကြံရလာပြီး သူ့ဦးထုပ်ကို ကိုင်ကာမြေကြီးပေါ်သို့ ပစ်လိုက်ရာ မျောက်တွေကလည်း လိုက်လုပ်ကြပြန်တယ် ။ ဒီလိုနဲ့ သူ့ဦးထုပ်အားလုံးကို ပြန်ရခဲ့တယ်။ နှစ်ငါးဆယ်ကြာပြီးနောက် သူ့မြေးဖြစ်သူ ဆုခ်ဝင်ဒါ ဟာလည်း ဦးထုပ်ရောင်းသူ ဖြစ်လာပြီး ဒီမျောက်ပုံပြင်ကို သူ့ရဲ့ အဘိုးထံက ကြားနာခဲ့ရတယ် တစ်နေ့ သူ့အဘိုးလိုပဲ အလားတူ သစ်တောအုပ်ကို ဖြတ်သန်းသွားခဲ့တယ်။ အလွန်ပူပြင်းတာကြောင့် အလားတူ သစ်ပင်အောက်မှာ တမှေးအိပ်ကာ ဦးထုပ်တွေကို မြေကြီးပေါ်မှာချထားလိုက်တယ်။ သူနိုးလာခဲ့ရာ သူ့ဦးထုပ်အားလုံးမှာ သစ်ပင်ပေါ်ရှိမျောက်များက ယူဆောင်သွားကြောင်း သိလိုက်ရတယ်။ သူ့အဘိုးရဲ့ စကားကို သတိရပြီး သူ့ခေါင်းကိုစကုတ်ရာ မျောက်တွေက လိုက်လုပ်ကြတယ်။ သူ့ဦးထုပ်ကိုချွတ်ပြီး ယပ်ခတ်ရာမျောက်တွေက လိုက်လုပ်ကြပြန်တယ်။ ဒီလိုနဲ့ အဘိုးရဲ့ စကားကို အလွန်လက်ခံယုံကြည်တဲ့ ဆုခ်ဝင်ဒါဟာ သူ့ဦးထုပ်ကို မြေကြီးပေါ်သို့ ပစ်လိုက်ပေမဲ့ မျောက်တွေက ဦးထုပ်အားလုံးကို ကိုင်ထားဆဲ ရှိနေတာကြောင့် အဲ့အားသင့်သွားတယ်။ အဲဒီအချိန်မှာ မျောက်တစ်ကောင်ဟာ သစ်ပင်ပေါ်မှ ဆင်းလာခဲ့တယ်။ မြေကြီးပေါ်ရှိ ဦးထုပ်ကိုလုယူပြီး သူ့ကို ပုတ်ကာ ပြောလိုက်တာက " မင်းက မင်းတစ်ယောက်တည်းမှာပဲ အဘိုးရှိတယ်လို့ ထင်နေသလား" တဲ့ ။
ရသစာစုများ 1.0 APK Download BoxBack top
- 1.0
- Android 5.1 - Lollipop (SDK: 22)
- February 24, 2020
- 17B7842E4C802C91BFCF67D51EAE121C64E11718
- d8dbd34cdc20f1555fdb3907112aa612
- View Permissions
More From DeveloperShow All
Copyright © 2017 APKTools. All rights reserved. Android is a trademark of Google Inc
Page generated in 0.0363 seconds